သတင်းတို

နိုင်ငံရေး အတွက် ဘာသာရေး အသုံးမချရန် သတိပေး

This article has been converted from Zawgyi One to Unicode

“နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရ” ဟူသည့် အခြေခံဥပဒေပါ အချက်ကို ရည်ညွှန်းလျက် မြောက် ဥက္ကလာပ မြို့နယ် ရွှေအိမ်တော် ခန်းမတွင် ဘာသာကြီး လေးခုမှ ခေါင်းဆောင်များ ဦးဆောင်ပြီး ယမန်နေ့က ဆွေးနွေး အသိ ပညာ ပေး ဟောပြောပွဲ တရပ် ကျင်းပသည်။ ဘာသာရေး ပဋိပက္ခများ ဖန်တီးပြီး နိုင်ငံရေး အသုံးချမှုများ ပြုလုပ်နေခြင်း အတွက် ပြည်သူလူထုကို အသိပညာပေးခြင်း ဖြစ်ကြောင်း၊ ယင်းဟောပြောပွဲကို ဦးတိက္ခသာရ (သီတဂူ)၊ ဦးစောလှိုင်ဘွား (ခရစ်ယာန်)၊ ဦးအောင်လွင် (ဟိန္ဒူ)၊ ဦးအေးလွင် (အစ္စလမ်) တို့ က ဦးဆောင်ခဲ့ကြောင်း သိရသည်။

Loading