မြန်မာနိုင်ငံ အတွင်းရှိ ပြည်တွင်းလေဆိပ် ၃ဝ ကို ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် Registry of Interest အဆိုပြုလွှာများ လေ ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ပေးပို့ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လျှောက်ထားရာတွင် ဆောင်ရွက်လိုသည့် လေဆိပ်အမည်၊ ရင်းနှီးမြှုပ်နှံမှု အမျိုးအစား၊ လေဆိပ်တခုလုံး လွှဲပြောင်းရယူ လုပ်ကိုင်လိုမှု ရှိ မရှိ၊ လေဆိပ် တည်ဆောက်ရေး ၊ လေဆိပ် ဝန်ဆောင်မှု အပြင် လေဆိပ်နှင့်ပတ်သက်သော အခြားလုပ်ငန်းများ စသည်ဖြင့် ဖော်ပြ ကာ ခွဲခြားတင်ပြရမည် ဖြစ်သည်။ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည့် လေဆိပ်များမှာ ကျောက်ဖြူ၊ ပူတာအို၊ ဟုမ္မလင်း၊ ဗန်းမော်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာ၊ ဘုတ်ပြင်း၊ မော်လမြိုင်၊ ပုသိမ်၊ ခန္တီး စသည့် လေဆိပ်များဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော တင်ဒါစနစ်ဖြင့် ရွေးချယ် တာဝန်ပေးသွားမည် ဖြစ်ကြောင်း အစိုးရထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။