ဗုဒ္ဓရှင်အား ပူဇော်ခြင်းဟု အမည်ပေးထားသည့် တရုတ်ဗုဒ္ဓပုံတော်များ ပြသပွဲကို ရွှေတိဂုံစေတီတော်တွင် ရက်သတ္တ ၂ ပတ်ကြာ ပြ သ သွားမည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က စတင်ခဲ့သည့် အဆိုပါပြပွဲသည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ဟန်ဇောင်ရှိ ဘုန်းကြီးကျောင်းများ၊ ရုပ်ပွားတော်များ၊ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ သီလရှင်များ၏ ဓာတ်ပုံ ၆၅ ပုံကို ရွှေတိဂုံစေတီ ချမ်းသာကြီး တန်ဆောင်းတွင် ဇန်နဝါရီ ၁၉ ရက်နေ့အထိ အခမဲ့ ပြသထားကြောင်း၊ နှစ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများ အကြား နားလည်မှုပိုမို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းက ရေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။