NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ရန်၊ လူထုနှင့်တွေ့ဆုံရန် ရည်ရွယ်လျက် ချင်းပြည်နယ် ခရီးစဉ်ကို ဇန်နဝါရီ ၆ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်လျက်ရှိရာ ကလေးမြို့သို့ ယမန်နေ့က ရောက်ရှိကြောင်း သိရသည်။ ယနေ့ညနေ ၄ နာရီတွင် တီးတိန်မြို့တွင် လူထုဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။ ၎င်းသည် ဇန်နဝါရီ ၈ ရက်တွင် ဖလမ်းမြို့၌ လည်းကောင်း၊ ၉ ရက်တွင် ဟားခါး၌ လည်းကောင်း၊ ၁၀ ရက်တွင် ကလေးမြို့၌ လည်းကောင်း လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။