ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ အီချီရိုအာရိုစာဝါ နှင့် ယမန်နေ့က တွေ့ဆုံကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထား သည်။ ယင်းသို့ ဆွေးနွေးရာ၌ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ၊ ပြည်တွင်း ပြည်ပမှ လေ့လာရေး အဖွဲ့များ လာရောက် လေ့ လာ ခွင့်ဆိုင်ရာများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ ပြည်သူလူထု၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက် လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။