မြန်မာ-အန္ဒိယ နယ်နိမိတ် တိုင်းတာသတ်မှတ်မှုများကို ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ နယ်နိမိတ် သတ်မှတ်ခြင်း မလုပ်ရသေးသည့် မှတ်တိုင် ၇၆၊ ၇၈ အနီး၌ အိန္ဒိယနိုင်ငံဘက်မှ ပူးပေါင်းစစ်ဆေးရေးဂိတ် (Integrated Check Post – ICP) အတွက် မြေဖို့ခြင်း၊ မြေတူးခြင်း လုပ်ငန်းများ ဆောင်ရွက် နေသဖြင့် မြန်မာနိုင်ငံဘက်မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၂ ရက်တွင် ရပ်တန့် ပေးခဲ့ကြောင်း၊ ယခုအခါ နှစ်နိုင်ငံ မြေ တိုင်းအဖွဲ့များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ-အိန္ဒိယ နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ် မတ် ၁၀ ရက်တွင် ချုပ်ဆိုခဲ့ပြီး ၁၉၆၈-၁၉၆၉ ခုနှစ်တွင် နယ်နိမိတ် တိုင်းတာခြင်းလုပ်ငန်းကို အောင်နိမိတ်စစ်ဆင်ရေးဖြင့် အဆင့် ၇ ဆင့်ခွဲ၍ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း ၊ ထိုသို့ နယ်နိမိတ် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကဘော် ချိုင့်ဝှမ်း ဒေသ၌ နယ်နိမိတ် မှတ်တိုင်တချို့ စိုက်ထူရေးတွင် မြေပုံနှင့် မြေပြင်ကွဲလွဲမှုကြောင့် နှစ်ဘက် ညှိနှိုင်း ခဲ့သော် လည်း ပြေလည်မှု မရရှိသဖြင့် နယ်နိမိတ်မှတ်တိုင်အမှတ် ၆၆၊ ၇၆၊ ၇၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃ နှင့် ၉၄ တို့ကို စိုက်ထူနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။