သတင်းတို
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း KIA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်
This article has been converted from Zawgyi One to Unicode
အစိုးရတပ် ခလရ ၅၆ နှင့် KIA တပ်များ မန်စီမြို့နယ် မုန်းဒိန်ပါရွာနှင့် သံတံတားကြားတွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပြီး အစိုးတပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးကို လက်နက် ၃ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်း၊ အစိုးရတပ်က KIA တပ်များ ရှိရာသို့ လမ်းမှားဝင်ရောက် မိသည်ဟု ဝန်ခံကြောင်း၊ KIA ခေါင်းဆောင်ပိုင်းက ပြန်လွှတ်ရန် ညွှန်ကြားသဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်အောင် ပြောကြားချက်ကို ဘီဘီစီ သတင်း၌ ဖော်ပြထားသည်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မကြာမီ ကြေညာနိုင်မည်ဟု အစိုးရက ပြောနေချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။