ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ရန်ကုန်၊ မန္တလေး နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ဟိုတယ် စီမံကိန်း အသစ်များ တည်ဆောက်ရန် ခွင့်ပြုခဲ့ရာ ယင်း စီမံကိန်းများတွင် တိုင်းရင်းသား လုပ်ငန်းရှင်များ ပိုမိုရင်းနှီး မြှုပ်နှံလာကြောင်း သိ ရသည်။ ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်ငန်း အတွက် ကျပ် ၂၅၇ ဘီလီယံ ရင်းနှီးလုပ်ကိုင်လျက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဟိုတယ်ဇုန် ၁၁ ခုကို ခရီးသွားလာမှု များပြားသည့် ဒေသများတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။