၄၂ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံဖွင့်ပွဲကို ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာန၌ ယမန်နေ့က ပြုလုပ်ကြောင်း သိရသည်။ ဇန်နဝါရီ ၇ မှ ၁၀ ရက်အထိ ကျင်းပသွားမည့် ယင်း ညီလာခံတွင် သုတေသန စာတမ်းပေါင်း ၉၇ စောင်၊ သုတေသန ပိုစတာပေါင်း ၃၄ စောင် ဖတ်ကြားမည် ဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၁ ခု နှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲ ၁ ခုလည်း ပါဝင်မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။