သတင်းတို
၀န်ထမ်းများ လစာငွေ ၂ သောင်းတိုးမည်ဟု ဦးသိန်းစိန် ပြော
This article has been converted from Zawgyi One to Unicode
လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများကို သတ်မှတ် လစာထက် ကျပ် ၂ သောင်းတိုးမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် က ဘဏ္ဍာရေးကော်မရှင် (၁/၂ဝ၁၄) အစည်းအဝေးတွင် ပြောကြားသည်။ ယခု လစာ တိုးမြှင့်ပေးခြင်းသည် သမ္မတ တာဝန်ယူပြီး နောက် တတိယအကြိမ်မြောက် ဖြစ်ပြီး ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထားကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေ အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ် လာနိုင်သည့် အကျိုးသက်ရောက်မှုများကို သုံးသပ်တွက်ချက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။