• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

မြန်မာနိုင်ငံ၌ ၅ နှစ်အောက်ကလေး ထက်ဝက်ကျော် သံဓာတ်ချို့တဲ့နေ

by ခိုင်ပြည့်စုံ
8 January 2014
in Health
A A
၅နှစ်အောက်ကလေး,သံဓာတ်ချို့တဲ့မှု,သွေးအားနည်းရောဂါ,ကျန်းမာရေးဦးစီးဌာန, ကမ္ဘာ့ကျန်းမာရေးအဖွဲ့,UNICEF, Sprinkles.

ဈေးကွက်တွင်း ဝယ်ယူရရှိနိုင်သည့် Sprinkles သံဓာတ်အားဖြည့် အာဟာရမှုန့် အထုပ်များ။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

2.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ၅ နှစ်အောက် ကလေး ထက်ဝက်ကျော်သည် သံဓာတ်ချို့တဲ့မှုနှင့် သွေးအားနည်း ရောဂါများ ကြုံတွေ့နေသည်ဟု ကျန်းမာရေး စစ်ဆေးမှု သုတေသန ပြုချက်များအရ တွေ့ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာ လှကြည် ကပြောသည်။

ကလေးငယ်များ ဉာဏ်ရည်အတွက် အဓိကကျသော သံဓာတ်ချို့ယွင်းမှု မဖြစ်စေရန် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၏ နည်းပညာဖြစ်သည့် သံဓာတ်အာဟာရမှုန့် တမျိုးကို ဖြည့်စွက် ကျွေးမွေးသင့်ကြောင်း ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN) ရုံးခန်း၌ ရှင်းလင်းသည့် အခမ်းအနားတွင် ဒေါက်တာလှကြည်က သတင်းမီဒီယာများသို့ ပြောကြားခြင်း ဖြစ် သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
444
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
569
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
275

၂၀၁၃ ခု နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ချက်အရ ကမ္ဘာတဝန်းရှိ ကလေး ၁ ထောင်တွင် တယောက်နှုန်း သံဓာတ်ချို့တဲ့မှု ဖြစ်ပွားလျက်ရှိပြီး ၁ ရာလျှင် ၄၀ခန့်၊ ဆယ်ယောက်တွင် ၄ ယောက်သည် သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

ဒေါက်တာ လှကြည်က“အာဟာရ ပညာပေးတာတွေ သံဓာတ် ဆေးပြား ဆေးရည် တိုက်ကျွေးတာတွေက သေချာ မထိရောက်တဲ့ အခါ ခန္ဓာကိုယ်က သွေးထဲရောက်အောင် မစုပ်ယူနိုင်တဲ့ ပြဿနာကြောင့် သွေးအားနည်းရောဂါက ဒီအတိုင်းပဲမလျော့သွားဘူး” ဟုလည်း ပြောသည်။

WHO ၏ သုတေသန ပြုချက်များအရ လူဦးရေ သန်းပေါင်း ခြောက်ထောင်တွင် ၂ ထောင်ခန့်သည် သံဓာတ် အလုံအလောက် မရရှိဘဲ အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံမျိုး၌ပင် သံဓာတ် ချို့တဲ့မှုသည် အာဟာရပြဿနာ ဖြစ်နေခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ် သည့် မြန်မာနိုင်ငံ အပါအဝင် ကိုယ်ဝန်ဆောင် မိခင် ၅၂ ရာခိုင်နှုန်းသည် သံဓာတ်ချို့တဲ့သည့် သွေးအားနည်း ရောဂါများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

“အသက် ၆ လပြည့်ပြီးတဲ့ ကလေးတွေက မိခင်နို့ပြတ်တာနဲ့သံဓာတ်ချို့တဲ့မှု စပြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ အခုအချိန်မှာ ရင်သွေးငယ်တွေ အတွက် သံဓာတ် အာဟာရမှုန့်နဲ့ ကိုယ့်အိမ်မှာကိုယ် အာဟာရဖြည့်ပြီး အစာကျွေးလို့ရတဲ့ နည်းလမ်းတွေ ရှိနေပါပြီ”ဟု ဒေါက်တာ လှကြည်က တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် အိမ်တွင်း သံဓာတ်အာဟာရ ဖြည့်ခြင်းနည်း(Sprinkles)ကို ၂၀၀၈ နောက်ပိုင်း စတင် အသုံးပြု နိုင်ခဲ့ပြီး ၆ နှစ် သက်တမ်းရှိပြီ ဖြစ်ကြောင်း သူက ပြောသည်။

သံဓာတ်ချို့တဲ့ခြင်းကို သံဓာတ်အားဖြည့် ဆေးပြားဆေးရည်များ တိုက်ကျွေးနေရုံနှင့် မထိန်းသိမ်းနိုင်သဖြင့် တကမ္ဘာလုံး လွှမ်းခြုံနိုင် သည့် အာဟာရဖြည့်စွက်အဖြစ် ကနေဒါ နိုင်ငံရှိ ကလေးအထူးကု ဆရာဝန်ကြီး Dr.Stanley Zlotkin  ခေါင်းဆောင်သည့် သုတေသန အဖွဲ့က သွေးထဲတွင် ပျော်ဝင်လွယ်သော Sprinkles ကိုစတင် တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ ဂါနာ၊ ဟေတီ စသည့် နိုင်ငံများတွင်လည်း သုတေသန ပြုလုပ်ခဲ့ပြီး နိုင်ငံ အများအပြား၏ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ၌ အသုံးပြုနေပြီ ဖြစ်သည်။

သံဓာတ်ချို့တဲ့မှုကြောင့် ကလေးများသည် ဖြတ်လတ်သွက်လက်မှု မရှိခြင်း၊ ကိုယ်ခံစွမ်းအားနည်းပြီး မကြာခဏ ဖျားခြင်း၊ အာရုံ စူးစိုက်နိုင်စွမ်း မရှိဘဲ မှတ်ဉာဏ်နည်းပါးခြင်း၊ ကိုယ်ခန္ဓာ ထွားသင့်သလောက် မထွားကျိုင်းခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ကို ကြုံရမည် ဖြစ်သည်ဟု ဆိုသည်။

ဦးနှောက်ဆဲလ်များ အရွယ်အစား ကြီးထွားဖ့ွံဖြိုးလာရန် သံဓာတ်အလုံအလောက် လိုအပ်ပြီး အသက် ၅ နှစ်မတိုင်မီ အရွယ်တွင် အလုံအလောက် မရရှိပါက ဉာဏ်ရည် နိမ့်ကျနိုင်သည်ဟု UNICEF မှ စေတနာ့ဝန်ထမ်း တဦးဖြစ်သည့် အာဟာရ စီမံကိန်း တာဝန်ခံ ဦးဝဏ္ဏအောင်က ပြောသည်။

၎င်းက ဆက်လက်ပြီး “အထိရောက်ဆုံး နည်းကတော့ ဆားထဲကို အိုင်အိုဒင်း ထည့်ရမယ်ဆိုတဲ့ ဥပဒေ ချလိုက်သလိုမျိုး လုပ်ဖို့လိုအပ်တယ်။ မြန်မာလူမျိုးတွေက စီးပွားရေးကောင်းမှ လူထုကျန်းမာမယ်ဆိုရင် အကြာကြီး စောင့်ရမယ်၊ ဒီ Sprinkles စနစ် တခု ကပဲ ဖြတ်လမ်းနည်းနဲ့ သွားလို့ရမယ်။ ဒီနေ့မွေးတဲ့ကလေး ၆ လပြည့်ရင် စစား။ ၂ နှစ်အထိ။ ကြီးလာရင် ဦးနှောက်အရည်အချင်း ပြည့်မီမယ်”ဟု ရှင်းပြသည်။

တချို့နိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မဖြည့်မနေရ ဥပဒေ ပြဌာန်းထားခြင်းကြောင့် စားသုံးမှုများတွင် အလွန်ထိရောက်မှု ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သံဓာတ်ချို့တဲ့မှု ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းအဖြစ် ကိုယ်ဝန်ဆောင် မိခင်တိုင်းကို သံဓာတ် အားဖြည့် ဆေးပြားများနှင့်အတူ ဖောလစ်အက်ဆစ်များ အခမဲ့ဖြန့်ဝေမှုများ ရှိကြောင်း သိရသည်။

Your Thoughts …
ခိုင်ပြည့်စုံ

ခိုင်ပြည့်စုံ

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

လားရှိုးတွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate