ရန်ကုန်မြို့ ပြည်လမ်း မြေနီကုန်း ခုံးကျော်တံတားကို လာမည့် ဘဏ္ဍာနှစ်ကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းခုံးကျော်တံတားကို မဟာမြိုင်ဆေးခန်း ရှေ့မှ ရှင်စောပု မီးပွိုင့် ကျော်လွန်ပြီး တည်ဆောက်ရန် လျာထားကြောင်း၊ ခန့်မှန်း ကုန်ကျငွေ ကျပ် ၁၆ ဘီလီယံမှ ၁၈ ဘီလီယံ ရှိနိုင်ကြောင်း၊ တံတား တည်ဆောက်မှု လုပ်ငန်းစဉ်များ အားလုံး အတွက် ဂျပန် အစိုးရ တာဝန်ရှိသူများက ဒီဇိုင်းပုံစံရေးဆွဲခြင်းမှ လုပ်ငန်းပြီးစီးသည်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်က ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းက တည်ဆောက်ပေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။