မြန်မာအစိုးရနှင့် Global Direct Link ကုမ္ပဏီတို့ ပူးပေါင်း ထုတ်ဝေမည့် The New Light of Myanmar အင်္ဂလိပ်ပိုင်း သတင်းစာ ကို မတ်လတွင် အသွင်သစ်ပုံစံသစ်ဖြင့် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ သတင်းစာများ၏ အရွယ်အစားအတိုင်း အရွယ်အစား ပိုကြီးလာမည် ဖြစ်ပြီး ရောင်စုံ ထွက်ရှိလာမည် ဖြစ်ကြောင်း၊ သတင်းစာကို ဂျပန် ကျိုဒိုသတင်းဌာနက ငွေကြေးမပါဝင်ဘဲ သတင်းရေးသားနည်း အတတ်ပညာနှင့် နည်းပညာပိုင်း အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း၊ ယခင်က ပြန်ကြားရေး ဝန်ကြီးဌာနက ထိန်းချုပ်လုပ်ကိုင်ခဲ့သည့် ယင်း သတင်းစာကို အစိုးရက ၅၁ ရာခိုင်နှုန်း၊ Global Direct Link ကုမ္ပဏီက ၄၁ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း ဘီဘီစီ သတင်းတရပ်၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။