နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် မည်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် မွေးဖွားသူ ဖြစ်စေ နီးစပ်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့သော နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးခွဲ ၁၅ ခုတွင် လျှောက်ထားနိုင်ကြောင်း၊ ယင်းတို့မှာ မကွေး၊ မြစ်ကြီးနား၊ လွိုင်ကော်၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ စစ်တွေ၊ ထားဝယ်၊ ပဲခူး၊ တောင်ကြီး၊ စစ်ကိုင်း၊ ပုသိမ်၊ လားရှိုး၊ ကျိုင်းတုံ၊ နေပြည်တော် ပျဉ်းမနားမြို့များ ဖြစ်သည်။ နိုင်ငံကူး လက်မှတ် လျှောက်ထားမှုကို ၂၀၁၃ ခုနှစ်က ပုံစံ ၁၇၊ ၁၉ နှင့် ပညာရေး ကင်းရှင်းကြောင်း လျော်ကြေးထောက်ခံချက်များ ဖြေလျော့ ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။