ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ယခုနှစ်အတွင်း ပြင်ဆင်ရန် အရေးကြီးကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ် ဖလမ်းမြို့၌ ယမန်နေ့က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၅ ခုနှစ် နိုင်ငံရေး အခြေအနေကို လေ့လာပြီးမှသာ ဝင်ရောက်လာမည် ဖြစ်၍ ယခုနှစ် အတွင်း ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရန်လိုကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးပူးပေါင်း ထောက်ခံစေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ကူညီရန် တိုက်တွန်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။