• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home Lifestyle Culture

          ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သည့် သက်တမ်း ၁၀၀ ကျော် နာရီစင်ကြီး ပြန်လည်ပတ်

          by သဇင်ငြိမ်း
          9 January 2014
          in Culture
          Reading Time: 1 min read
          A A
          ဒုတိယကမ္ဘာစစ်, အထက (၄) အလုံ, နာရီစင်, နှစ် ၁၀၀ ပြည့်, ကူရှင်ကျောင်း, ဆရာယုဒသန်, ရန်ကုန်မြူနီပါစပါယ်အဖွဲ့, ဂျပ်ဆင်ရာပြည့် နာရီစင်

          အထက (၄) အလုံ ကျောင်းက နာရီစင်ကြီး (ဓာတ်ပုံ - ကျောင်းသားဟောင်း ဦးဖြူဝင်း)

          4.6k
          VIEWS
          Share on FacebookShare on Twitter

          ဒုတိယ ကမ္ဘာစစ်ပြီးချိန်မှ စတင်၍ ရပ်တန့်နေခဲ့သည့် ရန်ကုန်တိုင်း အလုံမြို့နယ် အထက(၄) ကျောင်းရှိ ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သော သက်တမ်း ၁၀၀ ကျော် Cushing Clock Tower နာရီစင်ကြီးကို ပြန်လည်ပြုပြင် ဖွင့်လှစ်လိုက်သည်။

          ၁၉၁၃ ခုနှစ်တွင် အမေရိကန်နှင့် မြန်မာပြည်သူများ စုပေါင်း တည်ဆောက်ခဲ့သည့် ထိုနာရီစင်ကြီးကို အငြိမ်းစား ကျောင်းအုပ် ဆရာမကြီး ဒေါ်သက်သက်စံနှင့် လက်ရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခိုင်ခိုင်သန်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ လက်ရှိ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၆ ရက်က ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်သည်။

          RelatedPosts

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          6 December 2023
          221
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          6 December 2023
          10.7k
          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          5 December 2023
          3.2k

          “ဒီနာရီစင်ကြီးက ၁၅ မိနစ်တခါ ခေါင်းလောင်း ထိုးပေးတယ်။ ဒီနာရီစင်ကြီးက နေမကောင်းဖြစ်နေတာ နှစ်ပေါင်း ၅၀ ကြာပြီ၊ အခုလိုပြုပြင်လိုက်တော့ လူတယောက် ပြန်ပြီးတော့ ကျန်းမာရေး ကောင်းသွားသလိုပေါ့။ ဝမ်းသာ ဂုဏ်ယူမိပါတယ်”ဟု အလုံ အထက (၄) ကျောင်းသားဟောင်း အငြိမ်းစား ကျောင်းအုပ်ကြီးတဦးလည်း ဖြစ်သည့် ဦးဖြူဝင်းက ဧရာဝတီသို့ ပြောသည်။

          ဦးဖြူဝင်းသည် ၁၉၅၈-၁၉၇၀ ခုနှစ်အထိ တက်ရောက် ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်း တဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ Don Bosco Vocational Tranning School နှင့် Prospect Burma ကျောင်း မှ အငြိမ်းစား ကျောင်းအုပ်ကြီး ဖြစ်သည်။

          ထိုနာရီစင်ကြီးသည် ၁၉၁၃-၁၇ ခုနှစ်တွင် ဆရာကြီး ယုဒသန်ကို ရည်မှန်း၍ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်တပ်များ နာရီစင် ပေါ်တွင် စခန်းချခြင်း၊ ကင်းစောင့်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လောကဓံကို ခံစားခဲ့ရကြောင်း သူက ရှင်းပြသည်။

          ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၁၉၆၃ ခုနှစ်အထိ အလုပ်မလုပ်ဘဲ ရပ်တန့်နေခဲ့ကြောင်း၊ ထိုနာရီစင်ကြီးကို ထိန်းသိမ်းရသည့် မစ္စတာ စမစ်သည် နာရီစင် လှေကားမှာပင် ကွယ်လွန်သွားခဲ့ပြီး ၁၉၇၀ ဝန်းကျင်တွင် နာရီလည်ပတ်မှု လုံးဝရပ်တန့် သွားခဲ့ကြောင်း သိရ သည်။

          အထက (၄) အလုံ ကျောင်းဝင်းအတွင်းရှိ နာရီစင်ကြီးသည် အဒိုနာရမ်ဂျပ်ဆင်(ခေါ်) ဆရာယုဒသန် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး ပြည်ပသာသနာပြုအဖြစ် ကွန်ဂရက် ဂေးရှင်းနယ်လစ် အသင်း၏ အထောက်အပံ့ဖြင့် ထွက်ခွာလာရာ အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ရောက်ရှိပြီး နယ်နှင်ဒဏ် ပေးခံရရာမှ မြန်မာမင်းများ လက်ထက် ၁၈၁၃ ခု ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

          ထိုအကြောင်းအရာကို သိရှိသောသူများက ၁၉၁၃ ခု ဇူလိုင် ၁၃ ရက်တွင် ဆရာယုဒသန် ရောက်ရှိခြင်း နှစ် ၁၀၀ ပြည့် အခမ်း အနား ကျင်းပရာ မြန်မာ တိုင်းရင်းသားများနှင့် အမေရိကန်များ ပူးပေါင်း ပါဝင်ခဲ့သည်။

          အခမ်းအနားတွင် အမေရိကန်ပြည်သား ဒေါက်တာ ကာမင်ကိုးလ်စ်က ဤရာပြည့်နာရီစင်အား တည်ဆောက်ရန် စိတ်ကူးရ သည့်အတွက် တင်ပြခဲ့ရာ မြန်မာပြည်ရှိ နှစ်ခြင်းသာသနာပြု အဖွဲ့ချုပ်၌ ရန်ပုံငွေ မလုံလောက်သော ကာလဖြစ်နေ၍ ခွင့်ပြုခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့သော် စေတနာထက်သန်သူများ ၏ ကြိုးပမ်းချက်များ ရှိသဖြင့် နှစ်ခြင်းသာသနာ ဌာနချုပ်လည်း ပါဝင်လာပြီး သမိုင်းဝင် နာရီစင်ကြီး ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

          ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဆရာယုဒသန် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း အလုံမြို့နယ်ရှိ ဧရာဝတီ ပိုးကရင်ကွင်း ဘုရားကျောင်းဝန်းကြီးထဲ၌ ကျင်းပခဲ့သေးသည်။

          နာရီစင်ကြီးကို မူလက ရန်ကုန်မြစ် ဆိပ်ကမ်းတွင် ထားရှိရန် ဆန္ဒရှိသော်လည်း အင်္ဂလိပ်ဆိပ်ကမ်း အုပ်ချုပ်ရေးဌာနက ခွင့်မပြုသောကြောင့် ထိုအကြံကို စွန့်လွှတ်ပြီး ကန်တော်ကြီးထဲ၌ ထားရန် စီစဉ်ရာတွင်လည်း ရန်ကုန်မြူနီပါစပါယ် အဖွဲ့သို့ တင်ပြရာ လက် မခံခဲ့ပေ။

          ထို့နောက် ထိုခေတ်အခါက အခေါ်အဝေါ် ကူရှင်ကျောင်း (ယခု အ.ထ.က (၄) အလုံ) ကျောင်းဝင်းထဲတွင် နေရာချ တည်ဆောက် ရာ ပထမကမ္ဘာစစ်နှင့် ကြုံကြိုက်သောကြောင့် အမေရိကန်မှ ပေးပို့သော အလှူရှင်များ၏ ဆောက်လုပ်ရေး ပစ္စည်းများ ပင်လယ်ထဲ တွင် နစ်မြုတ်ပျောက်ဆုံးခဲ့သည်။

          ထို ပေးပို့လာသည်များထဲမှ အကောင်းပကတိ ရောက်ရှိသော ခေါင်းလောင်း ၄ လုံးအနက် အကြီးဆုံး ခေါင်းလောင်းမှာ တန် တဝက် ဖြစ်ပြီး ကျန်ခေါင်းလောင်း ၃ လုံး၏ စုစုပေါင်း အလေးချိန်မှာလည်း တန်တဝက် လေးသောကြောင့် နာရီစင်တွင် အသုံးပြုထားသည့် ခေါင်းလောင်း ၄ လုံး၏ စုစုပေါင်း အလေးချိန်မှာ ၁ တန် ဖြစ်ကြောင်း သိရသည်။

          နာရီစင်ကြီး၏ အလှအပနှင့် ပြီးပြည့်စုံခြင်းကို ၁၉၁၇ ခုနှစ်တွင် အပြီးသတ်ခဲ့ကြောင်း အဆိုပါ ကျောင်းတော်ကြီး၏ နာရီစင်(သို့မဟုတ်) ဂျပ်ဆင်ရာပြည့် နာရီစင်၏ သမိုင်းအကျဉ်းတွင် ဖော်ပြထားသည်။

          Your Thoughts …
          Tags: Art
          သဇင်ငြိမ်း

          သဇင်ငြိမ်း

          Contributor

          Similar Picks:

          တောင်ငူ, ကေတုမတီ , ဒုတိယ မြန်မာနိုင်ငံ

          ရှေးဟောင်း သမိုင်းခြေရာများနှင့် ခေတ်သစ် တောင်ငူ

          by သူဇာ
          11 January 2016
          15k

          တောင်ငူဒေသသည် ပဒေသရာဇ်ခေတ်ကို ဖြတ်သန်းခဲ့ဖူးကြောင်း၊ တောင်ငူမြို့အပါအ၀င် အနီးဝန်းကျင်ရှိ နေရာများစွာတွင် ယဉ်ကျေးမှု အမွေအနှစ်များစွာ ကျန်ရှိနေသေးကြောင်း ရှေးဟောင်း အထောက်အထားများက ပြသနေသည်။

          ကျောက်ဆည် ဆင်လှူပွဲတော် (သို့) မရိုးနိုင်တဲ့ ဆင်ပွဲတော်

          ကျောက်ဆည် ဆင်လှူပွဲတော် (သို့) မရိုးနိုင်တဲ့ ဆင်ပွဲတော်

          by K ငြိမ်းချမ်း
          29 October 2015
          8.9k

          ရှေးအခါက တကယ့် သက်ရှိဆင်တွေနဲ့ လှည့်လည်ကြကြောင်း၊ ပြီးတဲ့အခါ တောင်ခြေမှာရှိတဲ့ ရွှေမုဌောစေတီတော်ကို လူငယ်လူရွယ် ကလေးများပါ မကျန် ဖူးမြော်ကန်တော့ ပြီးမှ လူစုခွဲကြကြောင်း

          ဒု သမ္မတလောင်း ဦးထင်ကျော်ရဲ့  ဖခင် ကဗျာစာဆိုကြီး မင်းသုဝဏ်

          ဒု သမ္မတလောင်း ဦးထင်ကျော်ရဲ့ ဖခင် ကဗျာစာဆိုကြီး မင်းသုဝဏ်

          by ရန်ပိုင်
          10 March 2016
          9.5k

          ကဗျာစာဆိုကြီး တဦးအဖြစ် သာမက NLD ရဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ ရန်ကုန်တိုင်း ကမာရွတ်မြို့ နယ်က လွှတ်တော် ကိုယ်စားလှယ်ဖြစ်တာကြောင့် နိုင်ငံရေးသမားကြီးတဦး ဆိုရင်လည်း မမှားပါဘူး

          စောလူးမင်းကျောက်စာ, သမိုင်း, ရှေးဟောင်းသုတေသန

          စောလူးမင်း ကျောက်စာ သမိုင်းကွက်လပ်ကို ဖြည့်ပေးနိုင်မလား

          by ဇာနည်မာန်
          21 January 2014
          12.7k

          သမိုင်းပညာရှင်တွေ ကတော့ စောလူးမင်းရဲ့ အကြောင်းဟာ ထင်ရှားတဲ့ သူ့ခမည်းတော် အနော်ရထာမင်း၊ သူ့နောက်မှာ နန်းတက်လာတဲ့ ကျန်စစ်သား မင်းတို့ရဲ့ ကျော်ဇောမှု အောက်မှာ မှေးမှိန်ပျောက်ကွယ် ခဲ့တယ်လို့ ဆိုပါတယ်။

          ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

          ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

          by ရန်ပိုင်
          15 November 2013
          6.1k

          စကားလုံးများကို အက္ခရာ ၀လီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

          ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

          ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

          by ကျော်ခ
          13 February 2014
          9.9k

          လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

          Next Post
          အမျိုးဘာသာ သာသနာ, မန္တလေး, ရန်ကုန်, အင်းစိန်, မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ

          မန္တလေးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ညီလာခံ ကျင်းပမည်

          ညွှန်ကြားရေးမှူးချုပ်များ သမ္မတခန့်အပ်

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          19 hours ago
          10.7k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved