သမ္မတ ဦးသိန်းစိန်သည် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး Mr. Rasmus Helveg Petersen နှင့် ယမန်နေ့က နေပြည်တော် သမ္မတအိမ်တော် ၌ တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့တွေ့ဆုံရာတွင် ဒိန်းမတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရေး၊ ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ဒိန်းမတ်နိုင်ငံမှ လူသားချင်း စာနာသော အကူအညီများ ပေးအပ်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီများ ပေးအပ်ရေး၊ လာမည့်နှစ်မှစ၍ မြန်မာနှင့် ဒိန်းမတ်နိုင်ငံတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး တို့ကို သမ္မတက ဆွေးနွေးကြောင်း၊ ဒိန်းမတ်ဝန်ကြီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ အတွက် ဒိန်းမတ်နိုင်ငံက အပြည့်အ၀ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံက ပေး ဆပ်ရမည့် ကြွေးမြီများကို ဖြေလျှော့ပေးခဲ့သည်များကို ဆွေးနွေးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။