နိုင်ငံကူးလက်မှတ်၌ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန(လဝက) တံဆိပ်အတုဖြင့် ရောက်ရှိလာသည့် မြန်မာအလုပ်သများ ၄၀ ကို ဇန်နဝါရီ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည် လွှဲအပ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၂ ဖြစ်ပြီး ၎င်းတို့အား ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် နေထိုင်သူ အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ လွှဲပြောင်းပေး အပ်သည့် တရားမဝင် မြန်မာအလုပ်သမားစာရင်းမှာ အမျိုးသား ၅၀၀၉ ဦး၊ အမျိုးသမီး ၁၇၂၆ ဦး စုစုပေါင်း ၆၇၃၅ ဦးရှိကြောင်း ပြန်ကြားဝန်ကြီးဌာန သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။