သမ္မတက ညွှန်ကြားရေးမှူးချုပ် ၅ ဦးကို အစမ်းခန့်ကာလ ၁ နှစ်ပြည့်မြောက်သည့် နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။ ယင်းတို့မှာ ဦးတင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး။ ဒေါက်တာမျိုးသိမ်းကြီး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။ ဦးကိုကိုတင်၊ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန။ ဦးကျော်စွာစိုး၊ ညွှန်ကြားရေမှူးချုပ်၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ဦးဝင်းခိုင်မိုး၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တို့ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။