နှစ်ပေါင်း ၃၀ ကျော် ရပ်ဆိုင်းခံထားရသည့် မြန်မာနိုင်ငံ သုတေသန အသင်း ပြန်လည် ထူထောင်မည် ဖြစ်ကြောင်း စီးပွားရေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောဆိုသည်။ ၁၉၈၀ ခုနှစ်ကတည်းက ရပ်ဆိုင်းခံထားရခြင်း ဖြစ်ပြီး အသင်းပြန်လည် ဖြစ်မြောက်ရေး တစိုက်မတ်မတ် ကြိုးပမ်းခဲ့သည့် ဦးသန်းဦးနှင့် ပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် အသင်းပြန်လည် ထူထောင်ရေးကို အစိုးရက ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သုတေသန အသင်းကို ၁၉၁၀ ပြည့်နှစ်က ရန်ကုန်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာမှုလေ့လာရေး နယ်ပယ်မှ ထင်ရှားသည့် ပညာရှင်များနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်း၌ ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။