ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက အားလုံးညီညီညွတ်ညွတ် လုပ်၊ သဘောထား မကွဲလွဲကြနဲ့၊ သဘောထား ကွဲလွဲလို့ မဖြစ်ဘူး ဟု မှာကြောင်း ကြံ့ခိုင်ရေးပါတီ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း၏ ပြောကြားချက်ကို ယနေ့ထုတ် The Messenger ဂျာနယ်တွင် ဖော်ပြထားသည်။ လက်ရှိဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သည့် ၁၉၄၇ အခြေခံ ဥပဒေကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်ကြောင်း၊ ပုဒ်မ ၅၉(စ) ပြင်ဆင်မည့် ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ထဲတွင် ပြင်ဆင် မည် ဆိုလျှင်လည်း အောင်မြင်ရန် ခဲယဉ်းမည် ဖြစ်ကြောင်း ဂျာနယ် အင်တာဗျူးတွင် ဦးအောင်သောင်းက ဖြေကြားထားခြင်း ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။