• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုသိမ်၌ စစ်တပ် ငါးကန်တူးရန် ဒေသခံအိမ်များ အဓမ္မ ပြောင်းရွှေ့ခံရ

by ဆလိုင်းသန့်စင်
13 January 2014
in သတင်း
A A
ဧရာဝတီ တိုင်းဒေသကြီး,ပုသိမ်မြို့, အနောက်တောင်ပိုင်း စစ်ဌာနချူပ်,ကိုးဆူကျေးရွာ မိသား ၁၁ စုပိုင် နေအိမ်,ငါးမွေးမြူရေးကန်

ပုသိမ်မြို့ ကိုးဆူကျေးရွာမှ ဖျက်ပေးလိုက်ရသော ဒေသခံ တဦး၏ နေအိမ် (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

2.4k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အခြေစိုက် အနောက် တောင်တိုင်း စစ်ဌာနချုပ်က (နတခ) တပ်ပိုင် ငါးမွေးမြူရေးကန် တူးဖော်ရန် အတွက် ပုသိမ်မြို့  ကိုးဆူကျေးရွာရှိ မိသားစု ၁၁ စုပိုင် နေအိမ်များအား အဓမ္မ ပြောင်းရွှေ့ ခိုင်းနေကြောင်း သိရသည်။

“ကျနော့်ကို ဗိုလ်ကြီးဇင်မောင်ဦး (တိုင်းမွေးမြူရေး ကုန်ထုတ် စခန်းတာဝန်ခံ) က ခေါ်ပြီးတော့ မင်းတို့ အိမ်တွေ မမြင်ချင်ဘူး။ ဖျက် ပေး ဆိုတော့ ကျနော့်မှာ ဂွန်ဒေါင်း (ထော်လာဂျီ) ခတောင် မရှိဘူးလို့ ပြောတယ်။ ရတယ်။ ဖျက်မှာသာဖျက် ငါကား စီစဉ်ပေး မယ် လို့ ပြောတာနဲ့ ကျနော်လည်း အိမ်ကိုဖျက်ပေးလိုက်ပြီး ပုံထားလိုက်တယ်။ ရွှေ့ဖို့လည်း နေရာမရှိဘူး။ ဘယ်နား သွားနေရမှန်း တောင် မသိတော့ဘူး”ဟု ကိုးဆူကျေးရွာ ဥယျာဉ်ကုန်း ရပ်ကွက်မှ ကိုဇော်လင်းထိုက်က ဧရာတီကို ပြောသည်။

RelatedPosts

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
115
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
110

ဥယျာဉ်ကုန်း ရပ်ကွက်ရှိ မြေနေရာများအား ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုး ဦးစီးဌာန (ကပရ) က ၁၉၈၄ ခုနှစ်တွင် သိမ်းယူခဲ့ခြင်း ဖြစ်ပြီးကြောင်း၊ ၁၉၉၈ ခုနှစ်တွင် နတခက လွှဲပြောင်း ရယူလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် တပ်ပိုင် မွေးမြူရေးလုပ်ငန်း တိုးချဲ့ရန် အတွက် ဒေသခံ နေအိမ်များအား ပြီးခဲ့သည့် ဒီဇင်ဘာ လကုန်ပိုင်းက စ၍ ဖယ်ရှားခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်း ပို့ဆောင်ရေး ဌာန(ကပရ)က ဥယျာဉ်ကုန်း ရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ ၂၅ ဧကကို သိမ်းယူခဲ့ရာတွင် လျော်ကြေး ပေးခြင်း မရှိသကဲ့သို့ မြေနေရာအစား ပြန်ပေးခြင်းလည်း မရှိကြောင်း၊ ကားဝင်း တည်ဆောက်ရန် အတွက် လူနေအိမ်များကိုပါ ဖယ်ခိုင်းခဲ့ရာ  ၁၉၈၄ ခုနှစ်မှစ၍ ကားဝင်း အပြင်ဘက်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရကြောင်း ဒေသခံများက ပြောပြကြသည်။

“ကပရ သိမ်းတုန်းက ဆိုရင် သူတို့က ဝင်းခတ်ပစ်လိုက်တော့ ကားဝင်းထဲက အိမ်တွေ ဝင်းအပြင်ဘက်ကို ပြောင်းပေးရတယ်။ မြေ အတွက် လျော်ကြေးလည်း မရသလို မြေနေရာလည်း အစားပြန်မရဘူး။ အခုတခါ ဝင်းအပြင်ဘက်မှာ ပြောင်းရွှေ့နေကြတဲ့ အိမ် တွေကို တပ်က ထပ်ဖယ်ခိုင်းပြန်ပြီ။ ကျနော်တို့ မရှိဆင်းရဲသား တနေ့လုပ်မှ တနေ့စားသမားတွေက ဘယ်သွားနေရမလဲ”ဟု ဒေသခံ ဦးမြစိန်က ပြောသည်။

လက်ရှိတွင် ဥယျာဉ်ကုန်း ရပ်ကွက်မှ နေအိမ် ၁၁ လုံးရှိသည့် အနက် ၈ လုံးမှာ ဖျက်ပေးလိုက်ရပြီဖြစ်ပြီး ဒေသခံများမှာလည်း ကိုးဆူ ကျေးရွာတွင် အိမ်ငှားနေသူများရှိသကဲ့သို့ နီးစပ်ရာမိတ်ဆွေများထံတွင် ခွင့်တောင်း၍ နေရသူများ ရှိကြောင်း သိရသည်။

“ကျနော်တို့ အိမ်ဖျက်ပေးဆိုတော့ ဖျက်ပေး လိုက်ရပြီ။ အခုလတ်တလောတော့ ဓမ္မာရုံမှာ နေတယ်။ နောက်နေ့တော့ ကျနော့် ဆရာခြံဝင်းထဲမှာ ခွင့်တောင်းပြီး တဲထိုးနေရမှာပဲ။ ကျနော်တို့မှာ တခြား နေစရာမှ မရှိတာ။ အိမ်ဖျက်လို့ လျော်ကြေးလည်း မရပါဘူး။ မြေလည်း အစားပေးတာ မရှိပါဘူး”ဟု ဒေသခံ တဦးဖြစ်သူ ကိုတင်ဝင်းက ပြောသည်။

မဖျက်ရသေးသည့် နေအိမ် ၃ လုံးမှာလည်း ကျန်းမာရေး မကောင်းသူများ၊ ကိုယ်ခန္ဒာ မသန်စွမ်းသူများ ဖြစ်၍ နေအိမ်များ မဖျက် ရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်ထံ စာရေး၍ တင်ပြထားသည်ဟု ဆိုသည်။

နတခ အနေဖြင့် လက်ရှိတွင် ပြောင်းရွှေ့သွားသည့် နေအိမ်မြေနေရာများ နေရာ၌ ပေ ၁၀၀ ခန့် အကျယ်ရှိသည့် ကန်ကြီး ၂ ကန် တူးဖော်ထားပြီး ကန်တူးသည့် မြေသားများကို ပုသိမ် လေတပ်ရှိ လေယာဉ်ကွင်းသို့ ပို့ဆောင်အသုံးပြုကြောင်း စုံစမ်းသိရှိရသည်။

“ကန် စတူးတုန်းက ဆိုရင် အိမ်ရှင်က ဖယ်မပေးတော့ အိမ်ပတ်ချာလည်ကို ဘက်ဖိုး(မြေတူးစက်)နဲ့ ကုပ်ပြီး တူးပစ် လိုက်တယ်။ အဲဒီတော့ အိမ်ပတ်လည်မှာ မြေကျင်းကြီးတွေ ဖြစ်သွားပြီး အိမ်က ယိုင်လာတော့ အိမ်ရှင်လည်း မနေရဲတော့ဘဲ ဆင်းပြေးရတော့ တာ ပဲ”ဟု ဒေသခံ ရွာသားတဦးက ပြောပြသည်။

နေအိမ်များ ဖယ်ရှားခိုင်းမှုနှင့် ပတ်သက်၍ ဧရာဝတီက နတခ မွေးမြူရေးနှင့် ကုန်ထုတ်စခန်းရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း ရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ရှိသူများက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

နတခ အနေဖြင့် အဆိုပါ ဒေသခံများအား ယာယီ အခမဲ့ နေထိုင်ခွင့်ပြုထားခြင်း ဖြစ်ကြောင်း၊ အလိုရှိသည့် အချိန်တွင် တပ်ပိုင် မြေ နေရာမှ ဖယ်ရှား ထွက်ခွာပေးပါမည်ဟု ဒေသခံများက ကတိပြုထားကြောင်း သိရသည်။

ယခုအခါ တပ်ပိုင်မြေ နေရာတွင် မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်တော့မည်ဖြစ်၍ ဒေသခံများအား အခမဲ့ ယာယီ ခွင့်ပြုချက်ဖြင့် ထားခဲ့ခြင်းအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှစ၍ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ ၂၀၁၂ ဒီဇင်ဘာ ၃၀ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားသော်လည်း ဖယ်ရှားခြင်း မရှိသည့် အတွက် တရားစွဲဆိုခြင်း ဖြစ်ကြောင်း နတခ ၏ တရားရုံး သို့ ဦးတိုက် လျှောက်ထားသော စာတွင် ဖော်ပြထားသည်။

နေအိမ်များ ဖယ်မပေးသည့် အတွက် ဒေသခံ ၁၁ ဦးအား နတခ ကုန်ထုတ်စခန်း တာဝန်ခံ ဗိုလ်ကြီး မင်းမင်းဦးက တရားလို ပြုလုပ် ၍ ပုသိမ်မြို့နယ် တရားရုံး၌ ဇန်နဝါရီ လဆန်းပိုင်းက ရုံးတင် တရားစွဲဆိုခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ကြီး မင်းမင်းဦးကပင် အမှုကို ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။

နတခ အနေဖြင့် ဒေသခံများ သဘောမတူဘဲ ယခုကဲ့သို့ ဖိအားပေး ရွှေ့ပြောင်းခိုင်းခြင်းများ မပြုလုပ်သင့်ကြောင်း ဒေသခံများကို ကူညီပေးနေသည့် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်(HRWDN)မှ ဦးမြင့်နိုင်က ပြော သည်။

“တပ်မတော်အနေနဲ့ ဒေသခံပြည်သူတွေရဲ့ အခက်အခဲ ဒုက္ခတွေကို စာနာသင့်ပါတယ်။ အဲဒီ ဒေသက ရွာသားတွေက အင်မတန် သနားဖို့ ကောင်းတယ်။ တနေ့လုပ်မှ တနေ့စားတွေ။ လေဖြတ်နေသူတွေ၊ ဒုက္ခိတတွေလည်း ရှိတယ်။ ခုလိုအတင်းအကြပ် အိမ် တွေ ဖျက်ခိုင်းတော့ သူတို့ခမျာ ဘယ်သွားလို့ သွားရမှန်းမသိ။ ပြောင်းနေစရာ မြေနေရာလည်း မရှိကြဘူး။ ပြောင်းခိုင်းမယ် ဆိုရင် တောင် မြေနေရာအစား ပြန်ပေးတာ၊ အိမ်ပြန် ဆောက်ပေးတာတွေ စီစဉ်ပေးသင့်တယ်”ဟု ၎င်းက ပြောဆိုသည်။

ကပရ က သိမ်းယူခဲ့ပြီး နတခက လွှဲပြောင်းရယူခဲ့သည့် မြေများတွင် နတခက မွေးမြူရေး ကုန်ထုတ်စခန်းအဖြစ် ကြက်မွေးမြူရေးခြံ တည်ဆောက်ပြီး လုပ်ငန်းများ လည်ပတ် လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိ နတခ တိုင်းမှူးမှာ ဗိုလ်မှူးချုပ် လူအေးဖြစ်ပြီး ကုန်ထုတ်စခန်း တာဝန်ခံမှာ ဗိုလ်ကြီး ဇင်မောင်ဦး ဖြစ်သည်။

Your Thoughts …
Tags: Rule of Law
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
တပ်မတော်သား အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်, ပြည်သူ့လွှတ်တော်, နဝမအကြိမ် ပြည်သူလွှတ်တော် ပုံမှန် အစည်းအဝေး, ဒုတိယ ဗိုဠိချူပ်ကြီး ခင်ဇော်ဦး

တပ်မတော်မှ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၂ ဦး စတင် ခန့်အပ်

ဦးသန်းရွှေနဲ့ စစ်အာဏာရှင် ဟောင်းတွေ ဘယ်ဆီရောက်နေ

ဦးသန်းရွှေနဲ့ စစ်အာဏာရှင် ဟောင်းတွေ ဘယ်ဆီရောက်နေ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate