မြန်မာနိုင်ငံ မြောက်ပိုင်း မိုင်းလမြို့သည် တရားမဝင် ဆင်စွယ် ရောင်းဝယ်မှု အချက်အချာ နေရာဖြစ်လာကြောင်း ကိန်းဘရစ် အခြေစိုက် တောရိုင်းသတ္တဝါ ကုန်သွယ်မှု စောင့်ကြည့် လေ့လာရေး ကွန်ရက်နှင့် Oxford Brookes တက္ကသိုလ် တို့၏ တွေ့ရှိချက်များက ဆိုသည်။ ၎င်းမြို့ရှိ ဈေးဆိုင် ပေါင်း ၂၇ ဆိုင်၌ ဆင်စွယ်ပစ္စည်း အမျိုးမျိုး ၃၃၀၀ ကျော်နှင့် ဆင်စွယ် ၅၀ ကျော်ကို လွတ်လပ်စွာ ရောင်းဝယ် ပြုလုပ်လျက်ရှိကြောင်း၊ ဆင်စွယ် အများစုမှာ အာဖရိကမှ ရောက်ရှိလာသည် ဟု ယူဆရကြောင်း၊ Oxford Brookes တက္ကသိုလ်မှ ပါမောက္ခ Vincent Jijiman က မိုင်းလမြို့ရှိ ဈေးကွက်သည် အာရှဆင်စွယ်ဈေးကွက်တွင် အကြီးကျယ်ဆုံး နှင့် အလွတ်လပ်ဆုံး ဖြစ်ကြောင်း ပြောဆိုသည်။ ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာသည့် မြန်မာနိုင်ငံသည် ဒေသတွင်း အေဂျင်စီများ နှင့် အစိုးရ များ ချိတ်ဆက်ကာ တရားမဝင် ရောင်းဝယ်မှုများကို တားမြစ်ပိတ်ပင်ရန် အစီအစဉ်ချမှတ် လုပ်ဆောင်ရမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။