သတင်းတို
မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်သူကို ထောင် ၆ နှစ် ပြစ်ဒဏ်ချ
This article has been converted from Zawgyi One to Unicode
ယမန်နှစ် မေလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့ရှိ မြန်မာသံရုံကို ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် ကြံစည်သူ Rokhadi ခေါ် Abu Jannanh ဆိုသူအား ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်တန့်ရေး ဖိအားပေးသည့် အနေဖြင့် သံရုံးကို တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ဦးဆောင်စီခဲ့သည့် ဟု ဝန်ခံထားသည့် Sigit Indrajit ဆိုသူကို လာမည့် သတင်းပတ် အတွင် စီရင်ချက်ချမည် ဖြစ်ကြောင်း၊ အခြားတဦးဖြစ်သည့် Ahcmad Taufik ခေါ် Ovie ကို ထောင်ဒဏ် ၇ နှစ် ၆ လ ပြစ်ဒဏ်စီရင်ပြီး ဖြစ်ကြောင်း ဗွီအိုအေ သတင်းတရပ်၌ ဖော်ပြထားသည်။