သတင်းတို
ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ် ခရီးစဉ် စတင်မည်
This article has been converted from Zawgyi One to Unicode
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်တွင် ကျင်းပမည့် အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲများသို့ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်တွင် နေပြည်တော်မှ ကားဖြင့်ထွက်ခွာပြီး ညနေ ၄ နာရီခွဲတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒ ရယူပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး၊ ဇန်နဝါရီလ ၁၉ရက်နေ့ နံနက်တွင် လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။