လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်အရာရှိများကို အကာအကွယ်ပေးထားဟု WLB ပြော
This article has been converted from Zawgyi One to Unicode
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (Women League of Burma) က ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ပေး ရန်နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ပေးမည့် ဥပဒေများ ထည့်သွင်း ပြဋ္ဌာန်းပေးရန် တိုက်တွန်း လိုက်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၄၅ သည် စစ်အရာရှိများ ကျူးလွန်ခဲ့ သည့် ပြစ်မှုများ အတွက် အရေးယူ မှုမှ ကင်းလွတ်အောင် အကာအကွယ် ပေးထားကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံခဲ့ရမှုများ အတွက် တရားမျှတမှု ရစေနိုင်မည် မဟုတ်ကြောင်း၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလမှ ၂၀၁၃ စက်တင်ဘာအထိ စစ်တပ်မှ မုဒိန်းကျင့်ခြင်း ခံရသည့် အမျိုးသမီးပေါင်း ၁၀၀ ကျော် ရှိကြောင်း၊ စစ်ပွဲများအတွင်း ကချင်ပြည်နယ်တွင် အမျိုးသမီး ၅၉ ဦး၊ ရှမ်းပြည်နယ်တွင် အမျိုးသမီးနှင့် မိန်းကလေး ၃၅ ဦး၊ ကရင်ပြည်နယ်တွင် အဖြစ်အပျက် ၉ ခု လိင်အကြမ်း ဖက်မှု ခံရကြောင်း၊ ယင်းတို့ထဲမှ ၄၇ မှုသည် အုပ်စုလိုက် ကျူးလွန်ခြင်း ဖြစ်ပြီး အမျိုးသမီး၂၈ ဦးမှာ သတ်ဖြတ်ခံရ သို့မဟုတ် ရရှိသည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း၊ တပ်ရင်းပေါင်း ၃၈ ရင်းနှင့် ဆက်စပ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။