သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ဌာနေ ကိုယ်စားလှယ် အသစ်ဖြစ်သူ မစ္စ ရီနာတာ လော့ဒက် ဆဲလီယန် နှင့် ယမန်နေ့ နံနက်ပိုင်း တွင် နေပြည်တော်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မြောက် ရန် အကောင်အထည်ဖော်နေမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဒေသတွင်း တည်ငြိမ်ရေး ဆောင်ရွက်နေမှုများတွင် ပိုမိုပူးပေါင်း ပါဝင်ကူညီပေးရေး၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားရေးတို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။