သတင်းတို

ဦးသိန်းစိန်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်နှင့် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ အာဆီယံဆိုင်ရာ အစည်းအဝေးများ ကျင်းပနိုင်ရေး ကြိုတင် ပြင် ဆင်ထားရှိမှုများနှင့် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဒေသတွင်း တည်ငြိမ် အေးချမ်းမှုများ အတွက် သဘော တူညီချက်များ ရရှိမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၌ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် အာဆီယံ အဖွဲ့အတွက်လည်း ဂုဏ်ယူဖွယ် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက် အဝန်း ထူထောင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်း စာ များတွင် ဖော်ပြထားသည်။

Loading