မြန်မာနိုင်ငံ၏ စီးပွားရေးသည် လွတ်လပ်လာမှုကြောင့် ယမန်နှစ်ကထက် တိုးတက်လာကြောင်း သိရသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ် လျှင် ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာတဝန်း စီးပွားရေး လွတ်လပ်မှုရှိရန် ကြိုးပမ်းမှု အရှိဆုံးနိုင်ငံ ဖြစ်ကြောင်း Heritage Foundation နှင့် Wall Street Journal တို့ ပူးတွဲထုတ်ပြန်သည့် ၂၀၁၄ ခုနှစ် စီးပွားရေး လွတ်လပ်မှု စစ် တမ်းတွင် ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ကိုင်နိုင်ခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်း လွတ်လပ်ပွင့်လင်းမှု များတွင် တိုးတက်မှု ရှိလာခြင်းကြောင့် အဆင့်တက်လာခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ စီးပွားရေး လွတ်လပ်မှု ညွှန်းကိန်း သတ်မှတ်နိုင်ရေး အတွက် စစ်တမ်းကောက်ယူခဲ့သည့် အနှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံ၏ တိုးတက်မှုမှာ သိသိ သာသာ တိုးတက်မှု မရှိကြောင်း သုံးသပ်ထားသည်။ စစ်တမ်းအရ အဆင့် ၁၇၂ ရှိရာမှ ယခုနှစ်တွင် ၁၆၂ အထိ တက်လာ သည့် အတွက် ၁ နှစ် အတွင်း အဆင့်တိုးတက်လာမှုသည် ဖြစ်ထောင့် ဖြစ်ခဲ တိုးတက်မှု ဖြစ်ကြောင်း Heritage Foundation မှ သုတေသီ Bryan Riley က ပြော သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။