ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျပန်နိုင်ငံအာဏာရ Liberal Democratic Party ဒု ဥက္ကဋ္ဌ မစ္စတာ မာစဟီကို ကိုမူရ နှင့် ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှု အတွေ့အကြုံများ၊ နှစ်နိုင်ငံလွှတ်တော်ချင်း၊ အစိုးရချင်း၊ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ် ပွဲများကျင်းပရေး၊ ပြည်သူလူထု၏ လူနေမှုဘဝမြှင့်တင်ရေး ဆောင်ရွက်မှုနှင့် အတွေ့ အကြုံများ၊ တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ များနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။