ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဂျပန်နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ဒု ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr. Masahiko Komura ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ယမန်နေ့ ညနေပိုင်း နေပြည်တော်၌ တွေ့ဆုံသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် လူ့စွမ်းအား အရင်းအမြစ် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် ဂျပန်နိုင်ငံက ကူညီဆောင်ရွက် နေမှုများ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ဆောင်ရွက်ပြီး ဖြစ်သည့် သဘောတူညီမှုများ၊ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများ၊ မြန်မာနိုင်ငံ အတွက် ဘက်စုံ၊ ကဏ္ဍစုံတွင် ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးဆိုင်ရာများ ဆွေးနွေးကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။