ထိုင်းနိုင်ငံ ကမ်ဖယ်ဖက် (Kamphaeng Phet) ခရိုင်တွင် ယမန်နေ့က မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားရာ မြန်မာ အလုပ်သမား ၁ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသား အလုပ်သမားများ သည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှ မဟာချိုင်ဒေသသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် သူများ ဖြစ်ကြောင်း၊ ဒဏ်ရာရသူများထဲတွင် အမျိုးသမီး ၄ ဦးနှင့် အသက် ၈ နှစ်အရွယ်ကလေး ၁ ဦးပါဝင်ပြီး အားလုံးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ဖြစ်စဉ်မှာ ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း မန်နေဂျာအွန်လိုင်း စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။