သတ္တမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲကော်မရှင်အစည်းအဝေးကို နေပြည်တော်၌ ဇန်နဝါရီ ၁၄ နှင့် ၁၅ ရက် များ တွင် ကျင်းပခဲ့ပြီး အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် နှစ်နိုင်ငံကြား လေကြောင်းပျံသန်းရေး၊ အာရှငွေကြေးရှင်းလင်းရေး စနစ် Asean Clearing Unit (ACU) ကို အသုံးပြုနိုင်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ သတင်း အချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ခဲ့ခြင်း အပါအဝင် ကြားကုန်သွယ်မှုများ တိုးမြင့်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မရှင်ကို ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွဲ့ စည်း၍ အစည်းအဝေးများအား ၂ဝဝ၄ ခုနှစ်မှစ၍ ကျင်းပပြီး ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးများကို နှစ်စဉ် အပြန်အလှန် တလှည့်စီ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။