လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်ပွားမှု ထိပ်ဆုံး ၅ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း The Pew Charitable Trusts အဖွဲ့၏ သုတေသနပြု ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ၆ နှစ်တာ ကာလအတွင်း ၂၀၁၂ သည် ကမ္ဘာပေါ်တွင် လူမျိုးရေး ဘာသာ ရေး ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၁၉၈ နိုင်ငံ၏ ၃ ပုံ ၁ ပုံ၌ ဖြစ်ပွားခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားမှု ထိပ်ဆုံး ၅ နိုင်ငံမှာ အီဂျစ်၊ အင်ဒိုနီးရှား၊ ရုရှား၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့ ဖြစ်ကြောင်း ယင်းသုတေသန အဖွဲ့က ဇန်နဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယား အခြေစိုက် The Pew Charitable Trusts အဖွဲ့ကို ၁၉၄၈ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။