တောင်တရုတ်ပင်လယ် အရေးသည် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရသည့် မြန်မာနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့၌ ဇန်နဝါရီ ၁၅ မှ ၁၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း၊ ဆွေးနွေးမည့် အကြောင်းအရာများကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း (ASEAN Economy Community) ထူထောင်ရေး၊ အာဆီယံ ပဋိဉာဉ်၊ အရှေ့တီမောနိုင်ငံ အာဆီယံ အဖွဲ့ဝင် ဖြစ်ရေး၊ မြန်မာ့ ပြည်တွင်းရေး ပဋိက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဟု ခန့်မှန်းရကြောင်းနှင့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံကြား နည်းပညာဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။