သတင်းတို

ပန်းဆိုးတန်း-နန်းသီတာ ဆိပ်ကမ်း လူကူး ခုံးကျော်တံတား တည်ဆောက်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့လယ်ခေါင် ကမ်းနားလမ်းနှင့် ကွန်တိန်နာသွားလမ်းများကို ကျော်ဖြတ် တည်ဆောက်မည့် ခေတ်မီ စက်လှေကား တပ်ဆင်ထားသော ပန်းဆိုးတန်းနှင့် နန်းသီတာဆိပ်ကမ်း ပေါင်းကူး လူကူးခုံးကျော် တံတားသစ်ကို မကြာမီ တည်ဆောက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။အဆိုပါ ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment Co., Ltd. – FMI တို့ ပူးပေါင်းတည်ဆောက်မည် ဖြစ်ကြောင်း နှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက် နေ့က တည်ဆောက်မည့် မြေမြင်အနေအထားနှင့် ခရီးသွားလာမှုများကို မြို့တော် စည်ပင်နှင့် FMI ကုမ္ပဏီမှ တာဝန်ရှိသူများ က လေ့လာခဲ့ကြောင်း သိရသည်။

Loading