လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (PR) စနစ်နှင့် ပတ်သက်၍ ယမန်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် နဝမပုံမှန် အစည်းအဝေး တတိယနေ့ တွင် ရှင်းလင်း တင်ပြ သည်။ ၎င်း၏ တင်ပြချက်အရ – မူဆယ်-ရွှေလလီ ဝင်/ထွက်ပေါက်ကို နိုင်ငံတကာ ဝင်/ထွက်ပေါက် အဖြစ် အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်အတွင်း အွန်လိုင်းဗီဆာ သို့မဟုတ် e-Visa စနစ် အကောင်အထည် ဖော်မည့်အပြင် Permanent Residence (PR) ခေါ် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် စနစ်ကိုလည်း အကောင်အထည် ဖော်မည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံ အချင်းချင်း ဗီဇာကင်းလွတ်ခွင့် (Visa Free) ကိစ္စရပ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။