သတင်းတို

ဟင်္သာတ-လှိုင်သာယာ ရထားလမ်း ဖွင့်လှစ်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်နှင့် ဟင်္သာတမြို့သို့ ဆက်သွယ်ထားသော ရထားလမ်းကို မကြာမီ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ ရထားလမ်းမှာ မိုင် ၄၀ ဒသမ ၃၄ မိုင်ရှိ လှိုင်သယာ- ညောင်တုန်း လမ်းပိုင်းနှင့် ၄၈ မိုင်ရှိ ညောင်တုန်း-ဟင်္သာတ လမ်းတို့ကို ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း၊ မေလတွင် ဖွင့်လှစ်ပြီး စတင် ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

Loading