ဂျပန်နိုင်ငံသို့ လည်အပတ် သွားလိုသော မြန်မာနိုင်ငံသားများ အတွက် တကြိမ်ထက်မက ဝင်ထွက်နိုင်သော ပြည်ဝင်ခွင့် ဗီဇာ (Multiple-entry Visa) လျှောက်ထားခွင့်ကို ခွင့်ပြုလိုက်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နှစ်နိုင်ငံ ခရီးသွားလာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် ယင်းသို့ခွင့်ပြုခြင်း ဖြစ်ပြီး ၁၅ ရက် နေထိုင်ခွင့်ပြုမည့် သက်တမ်း ၃ နှစ်ရှိ ဗီဇာ ဖြစ်ကြောင်း၊ ယင်း အစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်က စတင်ကြောင်း ယနေ့ထုတ် 7 Day သတင်းစာ တွင် ဖော်ပြ ထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။