ပြည်တွင်း လုပ်သား ၃၀၅၂၁၄ ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။ ယင်းမှာ ၁၉၈၈ မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နေ့ အတွင်း ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၃ ဒီဇင်ဘာ ၁ ရက် နေ့အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြောင်း၊ ထိုစီးပွားရေး ကဏ္ဍများမှ လုပ်ငန်းပေါင်း ၃၈၁ ခုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄၂၀၀ ဒသမ ၀၀၂ သန်း ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်လာကြောင်း ယမန်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။