သတင်းတို
အခြေခံဥပဒေကို လူထုအားနှင့် ပြင်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
This article has been converted from Zawgyi One to Unicode
လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရန် အစိုးရနှင့် တပ်မတော် သဘောမတူပါက လူထုအင်အားနှင့် ပြင်ဆင်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့၌ ကျင်းပသည့် ဖွဲ့စည်ပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် တပ်မတော်၊ အစိုးရ၊ လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့လိုကြောင်း မေတ္တာရပ်ခံစာ ပေးပို့ထားပြီး၊ NLD အနေဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ချက်ပေါင်း ၁၈၆ ချက်ကို လွှတ်တော်သို့ ပေးပို့ထားကြောင်း သိရသည်။