ရမည်းသင်းမြို့နယ် ရွှေမြင်တင်တောင် သပိတ်စခန်းတွင် ရက် ၄၀ ကျော်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြသည့် ရွှေတွင်း လုပ်သားများ ဖမ်းဆီး တရားစွဲခံနေရကြောင်း သိရသည်။ ဆန္ဒပြ သပိတ်စခန်း ရုပ်သိမ်းရန်လည်း သက်ဆိုင်ရာက အမိန့်ပေးထားကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ ၂၀၁၃ ဒီဇင်ဘာ ၉ ရက် ကစပြီး ရမည်းသင်းမြို့သို့ ရွှေလုပ်သားများ ချီတက်ဆန္ဒပြကြသည့် အတွက် အလုပ်သမား ကိုအောင်ဆန်းလင်းနှင့် မအိမွန်ကျော်တို့ကို ပုဒ်မ ၄ ခုဖြင့် တရားစွဲထားကြောင်း၊ အကူအညီပေးသူ ကိုရာဇာနှင့် ကိုအောင်ဆန်းလင်းကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးပြီး ရမည်းသင်းထောင်သို့ ပို့ထားကြောင်း၊ အစောပိုင်းတွင် ဆန္ဒပြသူ ထောင်ချီရှိသော်လည်း အကြောင်းကြောင်း ကြောင့် ဆက်လက် ပါဝင်နိုင်ခြင်း မရှိတော့ဘဲ လက်ရှိ သပိတ် စခန်းမှာ ဆန္ဒပြသူ ၅၄ ယောက်သာ ကျန်တော့ ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။