အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံ၏ သမိုင်းဝင် အခွင့်အလမ်းများ နစ်နာ ဆုံးရှုံးမည်ကို တွေ့မြင်နေရ၍ ဘာသာ ရေး ပဋိပက္ခများ ငြိမ်းချမ်းစေရန် နိုင်ငံတကာ အဖွဲ့အစည်းများကမြန်မာနိုင်ငံကို ပံ့ပို့းကူညီနေခြင်း ဖြစ်ကြောင်း ဗြိတိန် သံအမတ် အင်ဒရူးပက်ထရစ်က ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်သည့် ဘာသာရေး အခြေခံ၍ လိုက်ဖက်မျှတသော လူမှုဘ၀ ဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲ တွင် ယင်းသို့ ပြောကြားဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို ကိုလံဘီယာ တက္ကသိုလ်၏ စီစဉ်ပံ့ပိုးမှုဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး၊ ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခ ၂ ဦး၊ ဗြိတိန်သံအမတ်နှင့် အမေရိကန် ဒုသံ အမတ်တို့ ပူးပေါင်းပါဝင်ပြီး၊ သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ မြန်မာအစ္စလာမ် စင်တာမှ ဟာဂျီ ဦးအေးလွင်နှင့် မြန်မာခရစ်ယာန် ဓမ္မကျမ်းစာ သုတေသန ဌာနမှ ဒေါက်တာ စောလှိုင် တို့တက်ရောက်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။