ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် “စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကြမ်း” နှင့် “သံအမတ်ကြီးများဆိုင်ရာ ဥပဒေကြမ်း” ၂ ခုကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပမည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး တတိယ နေ့၌ နိုင်ငံခြားရေးဝန်ကြီးဌာနက “သံအမတ်ကြီးများဆိုင်ရာ ဥပဒေကြမ်း”နှင့် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် အတည်ပြု၍ ပေးပို့လာသော“စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရေး ဆွေးနွေးမည် ဖြစ်ပြီး မေးခွန်း ၈ ရပ် ပါဝင်မည် ဖြစ်ကြောင်း လွှတ်တော် အစီအစဉ်များတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။