• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေ

by မင်းဗညား
20 January 2014
in သတင်း
A A
အပူပိုင်းဇုန်ဒေသ, ဆင်းရဲနွမ်းပါးမှု, စားနပ်ရိက္ခာ မလုံလောက်မှု, ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်, ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့, မွေးမြူရေး၊ ရေလုပ်ငန်း, နယ်စပ်ရေးရာ ဝန်ကြီးဌာန, ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန

မကွေးတိုင်း ပေါက်မြို့နယ်ရှိ သဲချောင်းများတွင် ရေဖြန်း လမ်းပြင်ပေးရင်း စားဝတ်နေရေး ဖြေရှင်းနေသည့် ဒေသခံတချို့ကို ပြီးခဲ့သည့် ၂၀၁၃ သင်္ကြန် ကာလအတွင်း တွေ့ရစဉ်(ဓာတ်ပုံ - မြတ်စုမွန် / ဧရာဝတီ)

1.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အထက်ပိုင်း အပူပိုင်းဇုန် သတ်မှတ် ဧရိယာအတွင်း ပါဝင်သည့် မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ အိမ်ထောင်စု တချို့သည် လွန်စွာ ဆင်းရဲနွမ်းပါးသည့် လူနေမှု ဘဝတွင် ရှိနေပြီး စားနပ်ရိက္ခာ မလုံလောက်မှုနှင့်လည်း ကြုံတွေ့နေရကြောင်း သုတေသန စစ်တမ်း တခုအရ သိရသည်။

မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသ ၁၆ ခုရှိ အိမ်ထောင်စု ၂၆ ဒသမ ၁ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်နေပြီး  ၁၈ ဒသမ ၅ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP)၊ ကလေး သူငယ် စောင့်ရှောက်ရေးအဖွဲ့ (Save the Children)၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းလေ့လာသည့် စစ်တမ်း၌ ဖော်ပြထားသည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
180
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
3.2k
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
316

စစ်တမ်း လေ့လာမှုများအား ၂၀၁၃ ခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း အပူပိုင်းဇုန် ဒေသများတွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မကွေး၊ မင်းဘူး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ ညောင်ဦး၊ နတ်မောက် ကဲ့သို့သော ဒေသ ၁၆ ခုမှ အိမ်ထောင်စုပေါင်း ၂ ထောင်ကျော်ကို ပထမ ဦးစားပေးအဖြစ် ထည့်သွင်း လေ့လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အပူပိုင်းဇုန်ဒေသ စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဆင်းရဲနွမ်းပါးမှု အခြေအနေတို့ကို သိရှိနိုင်ရန် ပညာရှင်များက လေ့လာ ဆန်းစစ်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အဖွဲ့များက ဆိုသည်။

“အဓိက ကတော့ ဒီဒေသတွေမှာ နေထိုင်တဲ့ အိမ်ထောင်စုတွေမှာ စားနပ်ရိက္ခာ ဖူလုံမှု အခြေအနေနဲ့ အာဟာရ ဖွံ့ဖြိုးမှုတွေကို လေ့ လာ ခဲ့တာပါ။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကိုတော့ မလေ့လာခဲ့ဘူး။ ဇုန်တွေ ခွဲခြား သတ်မှတ်ပြီး လေ့လာမှုတွေ လုပ်ခဲ့တာကြောင့် ဒေသတွေရဲ့ ပထဝီ အနေအထားအရ တွေ့ရှိချက်တွေက တနေရာနဲ့ တနေရာ တူချင်မှ တူပါလိမ့်မယ်”ဟု ယင်းစစ်တမ်းကို ကောက်ယူခဲ့သည့် WFP ဝန်ထမ်းတဦးဖြစ်သူ Mr.Nicolas Guilltut က ရှင်းပြသည်။

လေ့လာမှုများ ပြုရာတွင် ပထဝီ အနေအထားအရ ကုန်းမြင့်၊ တောင်ကုန်း၊ တောင်တန်း၊ မြေပြန့်ဒေသများဟူ၍ ခွဲခြားခြင်း၊ ဒေသ၏ မိုးရွာသွန်းမှု မိုးရေချိန် အနည်းအများအပေါ် မူတည်ခြင်းတို့ကြောင့် အဆိုပါ ဒေသများသည် ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်လာရခြင်းများ မတူညီရခြင်း ဖြစ်သည်ဟုလည်း သူက ဆိုသည်။

စစ်တမ်း ကောက်ယူခဲ့သည့် လေ့လာတွေ့ရှိချက်များအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မှ ဦးစားပေး အဆင့်များ ခွဲခြားကာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးကျော်မိုးလှိုင်က“နိုင်ငံတော်က မြစိမ်းရောင် စီမံကိန်းဆိုတာ ချမှတ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် နေတာတွေ ရှိပါတယ်။ အခု ထွက်လာတဲ့ လေ့လာမှု စစ်တမ်းတွေပေါ် မူတည်ပြီး ဘယ်ဒေသက ဘယ်ကျေးရွာတွေမှာ အကူအညီတွေ အရင်ဆုံးပေးသင့်လဲဆိုတာ စီစဉ်မှုတွေပြုလုပ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။

ဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) ၊ United Nation Population Fund(UNFPA)နှင့် International Fund for Agricultural Development(IFAD)စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လမ်းများ ဖောက်လုပ်ခြင်း၊ ရေရရှိရေး စီမံကိန်းများ ဆောင်ရွက်ခြင်း၊ အိမ်ရာများ ဆောက်လုပ်ခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်းများကို ဆောင် ရွက်ပေးလျက် ရှိကြောင်း သူက ဆက်လက်၍ ပြောသည်။

ယခု လေ့လာတွေ့ရှိသော စစ်တမ်းများအရ အပူပိုင်းဇုန်ဒေသ၏ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာ မဖူလုံမှုနှင့် အာဟာရ ချို့တဲ့မှု အခြေ အနေများသည် ဒေသတခုစီ၏ ပထဝီ အနေအထားအရ လေ့လာမှု ပြုလုပ်ထား ခြင်းကြောင့် နိုင်ငံတကာ စံနှုန်းနှင့် နှိုင်းယှဉ်သတ်မှတ် ထုတ်ပြန်၍ မရကြောင်းလည်း Mr.Nicolas Guilltut က ပြောဆိုသည်။

သူက“ဒီအချက်အလက်တွေကို နိုင်ငံတကာ စံနှုန်းနဲ့ ပြောပါဆိုရင် ခက်ခဲပါတယ်။ ဥပမာ စားနပ်ရိက္ခာ ရရှိတဲ့ ပုံစံ၊ ခွဲဝေ အသုံးချနိုင် မှုတွေက ဒေသအပေါ်လိုက်ပြီး ကွာခြားနေတာတွေ ရှိပါတယ်။ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ပြောရင်တော့ ထိုင်း၊ ဗီယက်နမ်လို နိုင်ငံ ထက်တော့ နိမ့်နိုင်ပါတယ်”ဟု Mr.Nicolas Guilltut က ဆိုသည်။

ရှမ်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်တမ်း ကောက် ယူ လေ့လာမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.Nicolas Guilltut က ဆက်ပြောသည်။

ထိုကဲ့သို့ အပူပိုင်းဇုန် ဒေသ၏ စားနပ်ရိက္ခာ ဖူလုံမှု၊ ဆင်းရဲ နွမ်းပါးမှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများကို စစ်တမ်း ကောက်ယူ လေ့လာမှုများ ပြုခြင်းအပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီး စသည့် မြစ်ဝကျွန်းပေါ် ဒေသများတွင်လည်း ၂၀၁၃ ခုနှစ် နှစ် ကုန်ပိုင်းက လေ့လာခဲ့သေးကြောင်း သိရသည်။

Your Thoughts …
Tags: Poverty
မင်းဗညား

မင်းဗညား

Contributor

Similar Picks:

ငွေတိုးချေးစားသူတွေကို အရေးယူမှာလား

ငွေတိုးချေးစားသူတွေကို အရေးယူမှာလား

by ထက်နိုင်ဇော်
10 July 2013
5.4k

မြို့နယ် တော်တော် များများတွင် တရားမ၀င် ငွေတိုးချေးစားမှုများ များပြားလာနေပြီး အတိုးနှုန်း မြင့်မားမှုကြောင့် ဆင်းရဲသား ပြည်သူများမှာ အကြွေးပြန်မဆပ်နိုင်ဘဲ ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့နေရသည်။

အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

by မြတ်စုမွန်
28 March 2013
4.6k

နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် ရွှေ့ပြောင်း လုပ်သားများ အတွက် ယာယီ နိုင်ငံကူး လက်မှတ်များ ပြုလုပ်ပေးနေသည် ဆိုသော်လည်း ၀င်ငွေနှင့် ထွက်ငွေကြား အပိုစုဆောင်းရန် မလုံလောက်သည့် သူတို့ဘ၀ အတွက်တော့ အလှမ်းကွာနေဆဲ ဖြစ်သည်

ဟင်းသီးဟင်းရွက်များတွင် ဓာတုဆေးဝါးသုံးစွဲမှု များပြား

ဟင်းသီးဟင်းရွက်များတွင် ဓာတုဆေးဝါးသုံးစွဲမှု များပြား

by မေစစ်ပိုင်
20 February 2013
5.4k

လူအများစုက ဓာတ်မြေ သြဇာများကြောင့် အစာဆိပ်သင့်သည်ဟု အလွယ်တကူ ပြောဆို နေကြသော်လည်း ဟင်းသီး ဟင်းရွက်များကို ရေစင်အောင် မဆေးဘဲ ချက်ပြုတ်ကြ

ရထားဆီတွဲ တိမ်းမှောက်မှု နောက်ဆက်တွဲ ၉ ဦး ထပ်မံသေဆုံး

by မန်းသားလေး
16 November 2012
1.5k

ဒဏ်ရာရရှိသူ လူနာ ၈၇ ဦးမှာ ခန္ဓာကိုယ်အနှံ့ ဆိုးဆိုးရွားရွား မီးလောင်ခံခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ သေဆုံးသွားသည့် လူနာများမှာ ၁၁ ရက်နေ့က ၄ ဦး၊ ၁၃ ရက်နေ့က ၂ ဦးနှင့် ၁၄ ရက်နေ့တွင်...

ဦးသိန်းစိန်ရဲ့ သမဝါယမစနစ် ဆိုရှယ်လစ်ကို ပြန်အသက်သွင်းတာလား

ဦးသိန်းစိန်ရဲ့ သမဝါယမစနစ် ဆိုရှယ်လစ်ကို ပြန်အသက်သွင်းတာလား

by မေစစ်ပိုင်
4 June 2013
4.7k

သမ္မတကြီးနဲ့ သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့ရဲ့ စုဝေးပွဲဟာ မြန်မာ့ ဆိုရှယ်လစ် ကာလကို ပြန်ပြောင်း မြင်ယောင်စေပြီး ထောက်ခံ တင်ပြထားတဲ့ သမဝါယမ စနစ်ဟာလည်း တန်းစီတိုးရတဲ့ လွန်လေပြီးသော ဆိုရှယ်လစ်ခေတ်ကို အသက် သွင်းသလိုသာ ဖြစ်စေမှာလား

ဆင်းရဲမှု တိုက်ဖျက်ရေး တရုတ်ထံမှ ဒေါ်လာ သန်း ၁၀၀ ချေးယူ

ဆင်းရဲမှု တိုက်ဖျက်ရေး တရုတ်ထံမှ ဒေါ်လာ သန်း ၁၀၀ ချေးယူ

by သာလွန်ဇောင်းထက်
19 August 2013
3k

ငွေချေးတယ် ဆိုတိုင်း ဆင်းရဲမှု တိုက်ဖျက်တာ မဟုတ်ဘူး။ ငွေချေးစားတဲ့ သဘောပဲ။ ဆင်းရဲသားက လိုနေတာက ချေးငွေ (credit) မဟုတ်ဘူး။ ဆင်းရဲသား၊ လယ်သမားတွေ လိုနေတာက အရင်းအနှီး (Capital) လိုနေတာ

Next Post
အာဆီယံ မသန်စွမ်း ပြိုင်ပွဲ, ၇ ကြိမ်မြောက်, မြန်မာ, ပဉ္စမ, အာဆီယံ ၁၀ နိုင်ငံ

အာဆီယံ မသန်စွမ်း ပြိုင်ပွဲ မြန်မာ ပဉ္စမ နေရာရရှိ

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း,ထောင်ဒဏ် တသက်, သေဒဏ်

သေဒဏ် ချမှတ်နိုင်သည့် ပြစ်ဒဏ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ပါရှိ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate