မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် Myanmar Instrumental Show ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် မိုင်ဒါကွင်း၌ အခမဲ့ ဖျော်ဖြေ မည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ကပြောသည်။ ယင်းဖျော်ဖြေပွဲ အစီအစဉ် အရ ညနေ ၅ နာရီခွဲတွင် ချစ်စမ်းမောင်၊ တိုးတိုး၊ နိုင်ဇော်၊ ဇော်မျိုးထွဋ်၊ ပက်ထရစ်၊ အောင်သူ၊ ရန်နိုင် တို့နှင့် အတူ မြန်မာ ဂစ်တာအကျော်အမော် ၂၃ ဦးတို့က ဂီတသက်သက် တီးခတ်ဖျော်ဖြေမည် ဖြစ်ကြောင်း၊ သီချင်းမပါဘဲ ဂီတ (Music) သီးသန့် တင်ဆက်သည့် ပွဲဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ ပွဲဖြစ်ရန် စီစဉ် ထားကြောင်း၊ နိုင်ငံတကာ ဂီတပညာရှင်များလည်း လာရောက်လေ့လာ နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။