သတင်းတို

မြန်မာပြည်တွင်းဝင်မည့် အကြမ်းဖက်သမား ၃ ဦး ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဖမ်းမိ

This article has been converted from Zawgyi One to Unicode

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် တာ့ခ်နာ မြို့မှ တဆင့် မြန်မာနိုင်ငံ အတွင်း ဝင်ရောက်ရန် ရည်ရွယ်သည့် ပါကစ္စတန် အခြေစိုက် ပါကစ္စတန် တာလီဘန် အကြမ်းဖက် အဖွဲ့ (TTP) နှင့် ဆက်စပ်သည့် အကြမ်းဖက်သမား ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒက္ကာမြို့တော်တွင် ဖမ်းဆီးခဲ့ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။ ၎င်းတို့သည် ပါကစ္စတန်နိုင်ငံသားများ ဖြစ်ကြပြီး ၂ ဦး မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မွေးဖွားကာ ပါကစ္စတန်တွင် အခြေချသူများ ဖြစ်ကြောင်း၊ အသက် ၂၀ ကျော်အရွယ် ၂ ဦးနှင့် အသက် ၅၀ ကျော် အရွယ် ၁ ဦး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များ အတွက် အကူအညီပေးရန် သွားရောက်ခြင်း ဖြစ်ကြောင်း နှင့် ဆက်စပ်မှုများကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

Loading