မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ၂၀၁၃ ခုနှစ်အတွင်း တိုင်ကြားလာသည့် နှစ်ချုပ်စာရင်းများကို ဖေဖော်ဝါရီလ အတွင်း နိုင်ငံတော် သမ္မတနှင့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက ယမန်နေ့က ပြောသည်။ ကော်မရှင်သို့ တိုင်ကြားမှု ၃၇၆ မှုရှိပြီး ၂၇၆ မှုမှာ ပြည့်စုံမှု မရှိ၍ တိုင်ကြားသူများထံ ပြန် လည်ပေးပို့ ခဲ့ကြောင်း၊ ၆၁၄ မှုကို မှတ်တမ်းအဖြစ် ထားရှိပြီး အစည်းအဝေးထိုင်ရန် အမှု ၂၀၀ ကျော် ရှိကြောင်းသိရသည်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။