မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေးကို ဇန်နဝါရီ ၂၁ ရက်နေ့၌ ပြန်လည် စတင်ရာ တရားမဝင် မြန်မာလုပ်သား ၁၅၇ ဦးဖမ်းမိကြောင်း သိရသည်။ ဇန်နဝါရီ ၂၁ ရက်နေ့ ည ၁၂ နာရီမှ စတင်၍ လိုက်လံ ဖမ်းဆီးရာ တရားမဝင် နိုင်ငံခြားသား ၁၅၆၅ ဦးဖမ်းမိကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ပြုလုပ်သည့် တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်တွင်လည်း မြန်မာ လုပ်သား ၄၀၀ ကျော် ဖမ်းဆီးမိခဲ့သည်။ မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော မြန်မာ နိုင်ငံသား အရေအတွက်မှာ ၃ သိန်းကျော် ရှိကြောင်း အလုပ်သမားဝန်ကြီး ဦးအေးမြင့်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။