၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု တချို့ရှိခဲ့သော်လည်း မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် တိုက်ခိုက်မှုများကို အစိုးရက ကာကွယ်ပေးမှု မရှိခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (HRW) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ အစိုးရ အနေဖြင့် ပြည်သူများ၏ အသက် အိုးအိမ်ကို စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ မျိုးနွယ်စုများ၊ ဘာသာ မတူသူများ အကြား ပဋိပက္ခများကို ကာကွယ်ရမည် ဖြစ်ကြောင်း၊ အစိုးရ အနေနဲ့ ၉၆၉ လှုပ်ရှားမှုလို ဘာသာရေး မုန်းတီးရေး တရားများကို ရပ်တန့်အောင် တားဆီးရမည် ဖြစ်ကြောင်း၊ လူမျိုးရေး ဘာသာရေးနှင့် မသက်ဆိုင်သည့် မွေးရာပါ ရပိုင်ခွင့် ဖြစ်သော လူ့အခွင့်အရေးကို တဖက်စောင်းနင်း ချိုးနှိမ်မှုများ ပြုလုပ်နေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ကြောင်း ဘီဘီစီ သတင်း တရပ်၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။